A day Yokohama have been occupied by Pikachu.

Pikachu_outbreak2016_01

(This event has been expired)

As you might imagine, we Japanese are absorbed in Pokémon Go.

Many people at the street are looking down on their smart phone and their topics are always about Pokémon Go.

Some people said the sight of playing Pokémon Go was a symbol of being slave of Pokémon.

 

Among such things, Strange event had taken place in Yokohama city.

The event ad said that Pikachu will be mass produce!

We went to see that event.

Pikachu_outbreak2016_02

Pikachu Outbreak(ENGLISH)

http://www.pokemon.co.jp/ex/splash_pikachu/en/

 

As soon as we arrived at Sakuragi-Cho station where is the nearest station for Pikachu outbreak venue we found a Pikachu in the distance.

Pikachu_outbreak2016_03

I couldn’t believe my eyes for a moment.

Compared with people walking on the street the pikachu’s  scale was too large.

It seems about 500 meters until we would reach pikachu’s locating. pikachu of this event seemed very big.

Pikachu_outbreak2016_04

Gradually approaching, we could understand pikachu’s real scale. According to event’s explain, this large pikachu’s height was about 15 meters.

That was reason why we could see Pikachu figure from far place.

Pikachu_outbreak2016_05

Pikachu_outbreak2016_06

I took a Pikachu’s picture from under his chin. That reminds me that his scale was really large.

Pikachu_outbreak2016_07

Unfortunately we couldn’t enter inside Pickachu.

Pikachu_outbreak2016_08

During this event was held we found people who are wearing Pikachu’s costume.  So children could play a role of Pickachu!

Pikachu_outbreak2016_09

Sometimes there were many kinds of Pikachu in Yokohama during this event.

Pikachu_outbreak2016_10

All participants looked really happy.

 

Leave a Reply

メールアドレスが公開されることはありません。 * が付いている欄は必須項目です

ဂျပန်တွင်အချိန်ပိုင်းအလုပ်ရှာဖွေပုံနည်းလမ်း


အပိုင်း၁။ဘယ်လိုစပြီးရှာမှာလဲ?

၁.Town work လို့ခေါာတဲ့အချိန်ပိုင်းအလုပ်ရှာသည့်စာအုပ်ကိုSeven Eleven,Family Mart ကဲ့သို့၂၄နာရီဖွင့်တဲ့စတိုးဆိုင်၊ဘူတာအစရှိတဲ့နေရာတွေမှာအလွယ်တကူရယူနိုင်ပါတယ်။Town Work စာအုပ်၂မျိုးရှိပြီးအဝါရောင်မျက်နှာဖုံးနဲ့ကအချိန်ပိုင်းအလုပ်ရှာသူအတွက်ဖြစ်ပြီးအပြာရောင်စာအုပ်ကတော့company ကဲ့သို့အချိန်ပြည့်ဝန်ထမ်းအဖြစ်အလုပ်ရှာဖွေတဲ့သူတွေအတွက်ဖြစ်ပါတယ်။

၂.Town work website မှလည်းရှာနိုင်ပါတယ်။website မှာကတော့မိမိနေထိုင်ရာနေရာကိုရိုက်ထည့်ပြီးရှာလို့ရတဲ့အတွက်အိမ်နဲ့အနီးနားနေရာတွေမှာအလုပ်ရှာချင်တဲ့သူအတွက်ဤနည်းလမ်းကပိုပြီးလွယ်ကူပြီးအချိန်နဲ့အမျှအလုပ်မျိုးစုံကိုအသစ်တင်နေတဲ့အတွက်ရွေးချယ်စရာအလုပ်လည်းများစွာရှိပါတယ်။ဒါပေ့မဲ့ဂျပန်ခန်းဂျီးမရတဲ့သူအတွက်တော့အနည်းငယ်ခက်ခဲလိမ့်မယ်လို့ထင်ပါတယ်။

၃.Town work စာအုပ်သည်အလွန်ပေါာပြူလာဖြစ်တဲ့အတွက်လစာကောင်းပြီးလူကြိုက်များတဲ့အလုပ်ဆိုရင်လူပြည့်မြန်သည့်အတွက်အခြားသူတွေထက်ပိုအရည်အချင်းရှိပြီးလက်မြန်ဖို့တော့လိုပါတယ်။

အပိုင်း၂။အရေးကြီးသည့်အသေးစိတ်အချက်အလက်များကိုစစ်ဆေးရန်

၁.အလုပ်နားမှာရှိသည့်အနီးဆုံးဘူတာကိုရှာပါ။ဥပမာ။ရှင်ကျူးဂုဘူတာမှလမ်းလျောက်၅မိနစ်…..အလုပ်ရှာတဲ့စာအုပ်အားလုံးတိုင်းကဘူတာနာမည်ကိုromanji လိုရေးမထားတဲ့အတွက်ခန်းဂျီးလိုမဖတ်တက်ရင်အင်တာနက်မှတဆင့်ဘူတာနာမည်ကိုရှာဖွေနိုင်ပါတယ်။ဘူတာနာမည်သိပြီဆိုရင်မိမိအိမ်နဲ့ဘူတာဘယ်လောက်ဝေးလဲဆိုတာကြိုတင်ပြီးရှာထားရပါမယ်။ကျောင်းသားအများစုကတော့အိမ်၊ကျောင်းနဲ့အနီးဆုံးအလုပ်ကိုရှာကြတာများပါတယ်။

၂.အချိန်ပိုင်းအလုပ်မှာလိုအပ်တဲ့ပညာအရည်အချင်းဆိုပြီးမရေးထားတဲ့အတွက်မည်သူမဆိုလျောက်နိုင်ပါတယ်။နိုင်ငံခြားသားဆိုရင်ဂျပန်စကားကိုကျွမ်းကျင်စွာပြောတက်ဖို့တော့လိုပါတယ်။နိုင်ငံခြားသားလက်မခံတဲ့အချိန်ပိုင်းအလုပ်လည်းရှိသဖြင့်နိုင်ငံခြားသားလက်ခံခြင်းရှိမရှိကိုမေးမြန်းထားရပါမယ်။

၃.လစာကတော့ဒီနေရာမှာအရေးကြီးဆုံးအပိုင်းဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့အခြေခံအချိန်ပိုင်းလုပ်အားခကနေရာနဲ့အချိန်ပေါာမူတည်ပြီးကွဲပြားမှုရှိပါတယ်။

အလုပ်အရမ်းရှုပ်တဲ့နေရာနဲ့အချက်အချကျတဲ့နေရာတွေမှာတော့တစ်နာရီယမ်း၉၀၀နဲ့၁၀၀၀ကြားရှိပါတယ်။ဆင်ခြေဖုံးရပ်ကွက်လိုနေရာမျိုးမှာဆိုရင်တစ်နေရာယမ်း၈၀၀နဲ့၈၅၀ကြားဖြစ်တယ်။ညဘက်၁၀နာရီနောက်ပိုင်းဆိုရင်တစ်နာရီကိုလုပ်အားခကို၂၅ရာခိုင်နှုန်းထပ်ဆောင်းပေးပါတယ်။ဥပမာ။ပုံမှန်တစ်နာရီကို၁၀၀၀ရတယ်ဆိုရင်ည၁၀နာရီနောက်ပိုင်းဆိုယမ်း၁၂၅၀ဖြစ်တယ်။

၄.ဘယ်အလုပ်မဆိုအစပိုင်း၃လခန့်ကပုံမှန်ထက်နည်းသောလုပ်အားခနဲ့အလုပ်သင်အနေဖြင့်အရင်ဆုံးခန့်မှာဖြစ်တယ်။

၅.အလုပ်အမျိုးအစားအမျိုးမျိုးရှိပြီးတော့ထမင်းဘူးစက်ရုံလိုနေရာမျိုးဆိုရင်ဂျပန်စကားအရမ်းမပြောတက်လဲလုပ်နိုင်ပြီးများသောအားဖြင့်တိုကျိုနဲ့အနည်းငယ်ဝေးတဲ့နေရာမှာသွားပြီးလုပ်ရပါတယ်။အခြားသောပေါာပြူလာဖြစ်တဲ့အလုပ်တွေကတော့စားသောက်ဆိုင်၊၂၄နာရီကုန်စုံဆိုင်တွေမှာကောင်တာတွင်ပိုက်ဆံကိုင်ရတဲ့အလုပ်ဖြစ်ပြီး၊၂၄နာရီကုန်စုံဆိုင်သည်နေရာတိုင်းမှာရှိတဲ့အတွက်အလုပ်ခေါာကြောင်းကြေညာစာရွက်ကိုဆိုင်ရှေ့မှာကပ်ထားတက်ပါတယ်။Macdonald,KFCအစရှိသည့်စားသောက်ဆိုင်များသည်စားသုံးသူနဲ့တိုက်ရိုက်ဆက်ဆံပြီးလုပ်ရမှာဖြစ်တဲ့အတွက်ဂျပန်စကားကောင်းမွန်စွာမပြောတက်ရင်ရဖို့မလွယ်ကူပါဘူး။

၆.အလုပ်အချိန်ဇယားကိုပုံသေသတ်မှတ်ထားသောအလုပ်ရှိသလို၊ပုံသေမဟုတ်ဘဲအပတ်တိုင်းအချိန်ဇယားပြောင်းနေရတဲ့အလုပ်များလည်းရှိပါတယ်။အပတ်စဥ်တိုင်းမိမိဝင်နိုင်သောအချိန်ကိုအလုပ်ရှင်ကိုပြောရမည်ဖြစ်ပြီးအလုပ်ရှင်မှအချိန်ဇယားရေးဆွဲပေးမှာဖြစ်တယ်။တနေ့မှာ၄၊၅နာရီခန့်သာလုပ်နိုင်ပြီးကျောင်းသားဆိုရင်တစ်ပတ်မှာ၂၈နာရီသာအလုပ်လုပ်ခွင့်ရှိပါတယ်။အလုပ်ချိန်၂၈နာရီကျော်ရင်ဗီဇာသက်တမ်းတိုးရာတွင်အခက်အခဲဖြစ်နိုင်တဲ့အတွက်၂၈နာရီမကျော်အောင်သတိထားပြီးလုပ်ဖို့လိုပါတယ်။

၇.စားသောက်ဆိုင်တော်တော်များများကတော့ခံစားခွင့်အနေဖြင့်ယူနီဖောင်းပေးထားခြင်း၊ထမင်းကျွေးခြင်းများရှိပါတယ်။သို့သော်လည်းKFC,Macdonald အစရှိသည်တို့ကတော့အစားအသောက်ကျွေးခြင်းမရှိပါဘူး။သွားရေးလာရေးစရိတ်မပေးဘဲအစားအသောက်သာကျွေးသောအချိန်ပိုင်းအလုပ်များရှိသလိုသွားရေးလာရေးစရိတ်တနေ့ကိုအများဆုံးယမ်း၁၀၀၀ပေးသောအချိန်ပိုင်းအလုပ်များလည်းရှိပါတယ်။

ဂျပန်ကိုအခုမှစရောက်လာတဲ့သူအတွက်အချိန်ပိုင်းအလုပ်ရှာရတာမလွယ်ကူပါဘူး။ဒါပေမဲ့ကျောင်းတွေမှာတော့ကျောင်းသားများကိုအချိန်ပိုင်းအလုပ်မိတ်ဆက်ပေးတဲ့အသင်းရှိတဲ့အတွက်ကျောင်းမှတဆင့်မိတ်ဆက်ပေးခြင်းကရဖို့သေချာသလောက်ရှိပါတယ်။သို့ပေမယ့်လည်းသတ်မှတ်ထားတဲ့အရည်အချင်းနဲ့ပြည့်စုံနေမှသာမိတ်ဆက်ပေးမှာဖြစ်ပါတယ်။အလုပ်ရှာပေးတဲ့အသင်းမရှိရင်လည်းကျောင်းမှဆရာမများမှအင်တာနက်ကနေပြီးကူရှာပေးခြင်း၊CV formရေးပုံရေးနည်းနဲ့အင်တာဗျုးဖြေဆိုပုံဖြေဆိုနည်းကိုလေ့ကျင့်ပေးပါတယ်။

နောက်ပြီးမိမိသူငယ်ချင်း၊စီနီယာတို့ကိုသူတို့လုပ်နေတဲ့အလုပ်မှာမိတ်ဆက်ပေးဖို့အကူအညီတောင်းနိုင်ပါတယ်။သူငယ်ချင်းမှတဆင့်အလုပ်မိတ်ဆက်ပေးခြင်းကအလုပ်ရဖို့၁၀၀ရာခိုင်နှုန်းသေချာသလောက်ရှိပါတယ်။သူငယ်ချင်း၊စီနီယာများကမိတ်ဆက်ပေးရုံတင်မကမိမိရဲ့ကြိုးစားအားထုတ်မှုကလည်းအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

Leave a Reply

メールアドレスが公開されることはありません。 * が付いている欄は必須項目です